





မြန်မာအမည် – တံဘူ
အင်္ဂလိပ်အမည် –
ရုက္ခဗေဒအမည် – Harrisonia perforata (Blanco) Merr.
မျိုးရင်း – Rutaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့အာရှ တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် မူရင်းဒေသအဖြစ် ပေါက်ရောက်ကြသည်။
အပင်သရုပ် – ထောင်မတ်သည့် ချုံပင် (သို့မဟုတ်) နွယ်ပင်မျိုးဖြစ်ပြီး ၁-၂ မီတာရှိသည်။
အခေါက် – အခေါက်သည် ဖော့ကဲ့သို့ပွပြီး ပြားချပ်သော ဆူးများရှိသည်။ spines.
အရွက် – ထိပ်ရွက်တစ်ရွက်ဖြင့်အဆုံးသတ်သည့် ငှက်မွေးရွက်ပေါင်းအမျိုးအစား ဖြစ်သည်။ အရွက်တစ်ရွက်တွင် ရွက်မွှာ ၃-၁၇ ခုပါရှိပြီး ၃-၁၄ စင်တီမီတာအရှည်ရှိသည်။ အရွက်၏ရိုးတံတွင် တောင်ပံပါရှိသည်။ ရွက်မွှာရွက်ပြားများသည် ဘေးနှစ်ဖက်အရွယ်မညီသော ဘဲဥပုံရှိပြီး ၁.၅-၄.၅ x ၀.၇-၂ စင်တီမီတာအရွယ်ရှိကြသည်။ ရွက်မွှာရွက်နားများ အဝိုက်ရှိ (သို့) ရွက်နားညီများဖြစ်သည်။
ပန်းခိုင် -ပန်းခိုင်သည် ကြားထွက် အဆုံးရှိပန်းခိုင်များဖြစ်ပြီး ၃ စင်တီမီတာအရှည်ရှိကာ သေးငယ်သည့် ပန်းပွင့်များပွင့်လေ့ရှိသည်။
ပန်းပွင့် – လိင်စုံပန်းပွင့်များဖြစ်ကြပြီး ၅ အင်္ဂါစပ်ဖြစ်သည်။ ပွင့်ဖတ်သည် ၁.၅ မီလီမီတာအရွယ်ခန့်သာရှိပြီး အခြေတွင်ဆက်နေကြသည် ပွင့်ချပ်များသည် လှံစွပ်ပုံရှိကာ ၅-၇ မီလီမီတာရှည်သည်။ ဝတ်မှုန်တိုင် ၉ ခုပါရှိသည်။
အသီးနှင့်အစေ့– အသီးသည် အနည်းငယ်လုံးဝိုင်းပုံရှိပြီး အနားညီကာ တစ်ခါတစ်ရံ အဝိုက်များပါရှိသည်။ အချင်းအားဖြင့် ၁-၁.၅ မီလီမီတာရှိသည်။ အစေ့နှစ်စေ့ပါရှိသည်။
ပွင့်သီးချိန် – ဧပြီလမှ မေလများတွင် ပန်းပွင့်၍ မေလမှ ဩ၏ဂုတ်လအထိ အသီးသီးသည်။
အသုံးဝင်မှု – အညွန့်နုများကို ဝမ်းပျက်ရောဂါအတွက် အသုံးပြုသည်။ အရွက် လှော်ပြာများကို ဆီနှင့်ရောကာ သို့မဟုတ် ကြေနေသော အရွက်များ ကို အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါအပြင် ကာလဝမ်းရောဂါကို ကုသရာတွင်အသုံးပြုသည်။ အမြစ်အခေါက် ဖျော်ရည်သည် ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါကို ကုသရာ တွင် အလွန်ထိရောက်သော ဆေးတစ်လက်ဖြစ်သည်။ သွေ့ခြောက် သောအမြစ်နှင့်ပင်စည်ကို ရောင်ရမ်းမှုသက်သာစေပြီး၊ ဝမ်းလျှောခြင်း တို့ကို ကုသရာတွင် အသုံးပြုသည်။






Myanmar Name – Tabu
Common Name –
Botanical Name – Harrisonia perforata (Blanco) Merr.
Family Name – Rutaceae
Habitat – E. Asia – southern China, Myanmar, Thailand, Laos, Vietnam, Malaysia, Indonesia, Philippines.
Habit –Shrubs nearly erect or somewhat climbing, 1-2 m tall.
Bark – Bark is corky with flatten spines.
Leaves – Leaves odd-pinnate, 3-17-foliolate, 3-14 cm; rachis usually winged; leaflet blades equilaterally or inequilaterally ovate to obovate, 1.5-4.5 × 0.7-2 cm, margin crenulate or sometimes entire, in occasional specimens some crenulations with pellucid cavities that seem to lack oil and may be hydathodes.
Inflorescence – Inflorescences cymose to racemose, to 3 cm, few to many flowered.
Flower – Flowers bisexual, mostly 5-merous. Sepals ca. 1.5 mm, connate at base or to ± half their length. Petals ovate-elliptic or lanceolate, 5-7 mm. Stamens to 9 mm. Gynoecium usually 5-carpelled and -loculed; ovary glabrous, slightly lobed, ca. 1 mm; style pubescent, to 8 mm.
Fruit and seed– Fruit subglobose, entire or slightly lobed, 1-1.5 cm in diam.; endocarp ca. 1 mm thick. Seeds ca. 3.5 mm.
Flowering and Fruiting Time -Flowering- Apr-May, fruiting – May-Aug.
Usage – The young shoots are considered a remedy against diarrhoea. The ashes of the roasted leaves mixed with oil, or simply the crushed leaves, are applied to the skin to relieve itch. A decoction of the root bark is recommended in the treatment of diarrhoea and dysentery as well as against cholera. A very efficacious remedy against diarrhoea and dysentery. The dried root is considered antipyretic and anti-inflammatory, it is used in wound healing and in the treatment of diarrhoea. The stems are employed in the treatment of diarrhoea.