ပန်းတမာ

အပင်သရုပ်
အခေါက်
ပန်းခိုင် နှင့် အပွင့်
ပန်းပွင့်
အသီး
အစေ့

မြန်မာအမည် – ပန်းတမာ

အင်္ဂလိပ်အမည် – Chinaberry tree, Pride of India

ရုက္ခဗေဒအမည် Melia azedarach L.

မျိုးရင်း – Meliaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အပူပိုင်းဒေသ အာရှတိုက် နှင့် ဩစတြေးလျတို့မှာ မူရင်း ဒေသများပြီး၊ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာ နိုင်ငံတွင်လည်း ပျံ့နှံ့ပေါက်ရောက်သည်။

အပင်သရုပ် – အပင်အမြင့် ၁၅ မှ ၁၉ မီတာ အထိရှိသည့် အပင်လတ်မျိုး ဖြစ်ပြီး၊ ပင်စည်ဖြောင့်၍ ရွက်အုပ်ဝိုင်းသည်။

အခေါက် – အညိုရောင်သန်း၍ ပြောင်ချောသည်။

အရွက် – နှစ်ဆင့်ငှက်မွှေးရွက်ပေါင်း အမျိုးအစားဖြစ်ပြီး၊ ရွက်မွှာ ၅ စုံ အထိပါရှိ သည်။ အရွက်များသည်ပြောင်လက်မှုမရှိပဲ ရွက်ရင်းတစ်ဖက်စောင်း နေပြီး၊ ရွက်နားသည် ခွေးသွားစိတ်ပုံသဏ္ဍာန်ရှိ သည်။

ပန်းခိုင် – အဆုံးမရှိ ရောထွေးပန်ခိုင်အမျိုးအစားဖြစ်ပြီး၊ အပွင့်များစွာရှိပြီး ပန်းခိုင်သည် ပန်းရောင်သန်းသည်။

ပန်းပွင့် – ပွင့်ဖတ် ၅ ခုရှိပြီး အဖြူရောင်ရှိ၍ ပွင့်ချပ်များပန်းရောင်သန်းသည်။ လိင်စုံပန်းပွင့်ကလေးများဖြစ်သည်။

အသီးနှင့်အစေ့ – တွဲလျားကျ အတွင်းအခွံမာသီးဖြစ်ပြီး၊ အစေ့ တစ်စေ့သာ ပါဝင်သည်။

ပွင့်သီးချိန် – မတ်လ မှ ဧပြီလအထိပန်းပွင့်ပြီး၊ မေလမှ ဇူလှိုင်လအထိ အသီးသီး ချိန်ဖြစ်သည်။

အသုံးဝင်မှု – တိုင်းရင်းဆေးတွင် သလိပ်နာ၊ ပူလောင်ခြင်း၊ အနာပေါက် အမျိုးမျိုး၊ သွေးအန်သွေးကျရောဂါ၊ နှလုံးရောဂါ၊ နူနာ၊ အော့အန်ခြင်း၊ ကာလ ဝမ်းရောဂါနှင့် ချောင်းဆိုးရောဂါစသည့် ရောဂါများကုသရာတွင်အသုံး ပြုသည်။

Habit
Bark
Inflorescence and flowers
Flower
Fruit
Seeds

Myanmar Name – Pan-tama

Common Name – Chinaberry tree, Pride of India

Botanical Name – Melia azedarach L.

Family Name – Meliaceae

Habitat – Native to Indomalaya and Australasia.

Habit – Deciduous tree growing to 50 ft. (15.2 m) in height and 2 ft. (0.6 m) in diameter.

Bark – a large spreading tree with reddish-brown smooth bark.

Leaves – The leaves are alternate, bi-pinnately compound, 1-2 ft. (0.3-0.6 m) in length and turn golden-yellow in fall.

Inflorescence – Inflorescence a long, axillary panicle up to 20 cm long.

Flower – Flowering occurs in the spring, when showy, lavender, 5-petaled flowers develop in panicles.

Fruit And Seed – – Fruit are hard, yellow, marble-sized, stalked berries that can be dangerous on sidewalks and other walkways. Seeds are spread by birds. Drupe ellipsoid, 4-seeded.

Flowering and Fruiting Time – Flowering to September- October and Fruiting to April- May

Usage – ornamental plant and traditional medicine burning All kinds of sores Anemia heart disease leprosy Vomiting It is used to treat diseases such as cholera and whooping cough.

FD-APFNet (IFEM) Project

Scroll to Top