ဘင်္ဂ

အပင်သရုပ်
အခေါက်
အရွက်
ပန်းခိုင်နှင့် အပွင့်
အသီး
အစေ့

မြန်မာအမည် – ဘင်္ဂ

အင်္ဂလိပ်အမည် – Mitha Ithi, Mitragyna Parvifolia

ရုက္ခဗေဒအမည် Mitragyna rotundifolia (Roxb.)Kuntze

မျိုးရင်း – Rubiaceae

ပြန်နှံ့ပေါက်ရောက်ပုံ – အရှေ့တောင်အာရှ အပူပိုင်းပိုင်းဒေသများနှင့် အိန္ဒိယ တိုက်ငယ်တို့တွင် တွေ့ရှိရပြီး များသောအားဖြင့် မြန်မာနိုင်ငံရှိ မြေနိမ့်ပိုင်း မိုးသစ်တော များနှင့် မိုးရေနည်းသော ဒေသများတွင် ပေါက်ရောက်သည်။

အပင်သရုပ် – အပင်အမြင့် ၁၅ – ၃၀ မီတာခန့်အထိရှိပြီး အပင် လတ် အမျိုးအစားဖြစ် သည်။

အခေါက် – ကြမ်းတမ်းပြီး မီးခိုးရောင်ရှိသည်။

အရွက် – ရွက်ထီးအမျိုးအစားဖြစ်၍ ရွက်ဆိုင်ထွက်ကြသည်။ ရွက်မွှာသည် ဘဲဥပုံသဏ္ဍာန်ရှိ၍ ဥဖျားသွယ်သည်။

ပန်းခိုင် – အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်ပြီး လုံးဝန်းသည့် ပုံသဏ္ဍာန်ရှိသည်။

ပန်းပွင့် – လိင်စုံပန်းပွင့်ဖြစ်၍ အဖြူရောင်ရှိသည်။

အသီးနှင့်အစေ့– ဘဲဉပုံသဏ္ဍာန်ရှိ၍ ရင့်မှည့်သိအခါ ခရမ်းရောင် သို့မဟုတ် အနက်ရောင်သို့ ပြောင်းသွားသည်။

ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလမှ ဇူလိုင်လအထိဖြစ်ပြီး သြဂုတ်လမှ အောက်တိုဘာလအထိ အသီးသီး ချိန် ဖြစ်သည်။

အသုံးဝင်မှု – ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပြီး နာကျင်မှုသက်သာစေခြင်း၊ ဖျားနာ ချခြင်း၊ ပိုးသတ်ခြင်း၊ ဝမ်းလျှောကုသခြင်း၊ ဆီးချိုစီမံခန့်ခွဲခြင်း၊ အောက်စီဒန်းပိုးသတ်ခြင်းနှင့် အနာကုသခြင်းတို့တွင် အသုံးပြုလေ့ရှိ သည်။

Habitat
Bark
Leaf
Inflorescence and flowers
Fruit
Seed

Myanmar Name – Binga

Common Name – Mitha Ithi, Mitragyna Parvifolia

Botanical Name – Mitragyna rotundifolia (Roxb.)Kuntze

Family Name – Rubiaceae

Habitat – Found in the tropical and subtropical regions of Southeast Asia and the Indian subcontinent and typically grows in lowland rainforests and wetlands in Myanmar.

Habit – Medium sized trees; branches angled to subterete, glabrous to glabrescent and can grow to a height of 15 to 30 meters (approximately 49 to 98 feet). The DBH can range from 30 to 60 centimeters (12 to 24 inches) or more.

Bark – Rough and fissured, with an irregular, scaly texture. It may form small plates or ridges.

Leaves – Leaves simple, dark green, and have a glossy appearance opposite and decussate; stipules elliptic-oblong to ovate.

Inflorescence – Typically, a cyme, the exact number of flowers rotundifolia inflorescence can vary, but cymes often have several flowers.

Flower – Small and fragrant, usually white to cream in color, and are typically bisexual. Fruiting heads ca. 1-1.6 cm in diam. Capsules ca. 0.3-0.5 cm, weakly ridged, with persistent calyx thickened; seeds ca. 0.1 cm.

Fruit & Seed – Initially green but turns dark purple or black when mature, the size of the fruit can vary, but it is typically small and rounded, similar to a drupe and the exact dimensions of the fruit would depend on the specific tree and its age, generally round or oval in shape.

Flowering and Fruiting Time – Flowering time from May to July and Fruiting time from August to October.

Usage – A medicinal plant used for its properties in reducing inflammation, alleviating pain, reducing fever, possessing antimicrobial activity, treating diarrhea, managing diabetes, having antioxidant effects, and healing wounds.

FD-APFNet (IFEM) Project

Scroll to Top