





မြန်မာအမည် – နှောပင်
အင်္ဂလိပ်အမည် – Haldu Tree
ရုက္ခဗေဒအမည် – Adina cordifolia (Roxb.)Brandis.
မျိုးရင်း – Rubiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – အိန္ဒိယတိုက်ငယ်မှ တရုတ်(ယူနန်) အထိနှင့် မလေးရှားကျွန်း တို့ သည် မူရင်းဒေသများဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။
အပင်သရုပ် – ရွက်ကြွေပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသ စိုစွတ်သော ဒေသ တွင်ပေါက်ပြီး အပင်အမြင့်သည် ၂၀မီတာ ခန့်ရှည် သည်။
အခေါက် – အညိုရောင်ဖျော့ဖျော့ဖြစ်ပြီး ၁.၈ စင်တီမီတာခန့်ထူပြီး အခေါက် များကွာကျခြင်းရှိသည်။
အရွက် -အရွက်သည် ကျယ်ပြန့်ပြီးအသည်းပုံစံဖြစ်ပြီး ဆန့်ကျင်ဘက် ထွက်သည်။ ၈-၂၀စင်တီမီတာရှည်သည်။ အလွန်သေးငယ်သော အမွှေးနုများသိပ်သည်းစွာပါရှိသည်။
ပန်းခိုင် – ပန်းခိုင်သည် လုံးပတ်၂၀-၃၀စင်တီမီတာ ပန်းပွင့်များပွင့်သော ပန်းခိုင်ဖြစ်သည်။
ပန်းပွင့် – ပန်းပွင့်သည်ဦးခေါင်းပုံစံရှိပြီး အဝါရောင်ဖြစ်ပြီး ၁၅-၂၀ မီလီမီတာ ရှိပြီး ပန်းပွင့်၏အညှာမှာ ၂-၆ စင်တီမီတာရှည်သည်။ ပွင့်ဖတ်အုံနှင့် ပွင့်ချပ်အုံ တို့၏အပြင်ဘက်တွင် အမွှေးများပြီး ပွင့်ချပ်အုံပြွန် သည်၅-၆ မီလီမီတာရှည်သည်။
အသီးနှင့်အစေ့ – အသီးသည် ၁၁-၁၆ မီလီမီတာရှိသည်။
ပွင့်သီးချိန် – ဇွန်မှ ဇွန်လိုင်လအထိ အပွင့်ပွင့်ပြီးဒီဇင်ဘာလမှ မတ်လအထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – အခေါက်သည် ရောဂါပိုးသတ်ဆေးနှင့်အနာရောဂါပျောက်ဆေး အဖြစ်အသုံးပြုကြသည်။ ဝမ်းကိုက်ရောဂါနှင့် ဝမ်းလျှော ရောဂါတို့တွင်လည်း အမြစ်ပြုတ်ရည်ကို အသုံးပြုကြသည်။






Myanmar Name – Naw
Common Name – Haldu Tree
Botanical Name – Adina cordifolia(Roxb.)Brandis.
Family Name – Rubiaceae
Habitat – Native to southern Asia, from India east to China and Vietnam and south to Peninsular Malaysia, the Indian subcontinent to China (Yunnan) and the island of Malaysia, it is the original region. It is cultivated in all parts of Myanmar.
Habit – Type of deciduous tree that grows in humid tropical regions and the height of the plant is about 20 meters long.
Bark – Light brown, about 1.8 cm thick, and the bark is split and rough textured.
Leaves – Simple, opposite, and elliptic to ovate in shape, with a cordate base (heart-shaped). They are dark green and glossy on the upper surface and pale green on the underside. The leaves are about 7-15 cm long and 4-8 cm wide.
Inflorescence – Terminal and consists of clusters of small flowers, and circumference of 20–30 mm.
Flower – Small, white, and tubular. They have five petals and are usually fragrant. The flowers are borne in dense clusters at the ends of branches.
Fruit – A woody capsule, about 1-2 cm in diameter, containing several seeds. The capsules are green when young and turn brown as they mature.
Seed – small, brown, and ovoid in shape, typically found within the woody capsules.
Flowering and Fruiting Time – Flowering time from June to July and Fruiting time from December to March.
Usage – The bark is used as an antiseptic and healing agent. An infusion of the root is also used in dysentery and diarrhoea.