





မြန်မာအမည် – သမင်စာနီ
အင်္ဂလိပ်အမည် – Turgid Ceriscoides
ရုက္ခဗေဒအမည် – Ceriscoides turgida (Roxb.)
မျိုးရင်း – Rubiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် အိန္ဒိယတိုက်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပေါက်ရောက်သည်။
အပင်သရုပ် – အမြင့် ၁၀-၁၅ မီတာအထိ ပေါက်နိုင်သော အပင်ငယ် သို့မဟုတ် အပင်လတ်အမျိုးအစားဖြစ်သည်။ ရွက်အုပ်ကျယ်ပြန့်သည်။
အခေါက် – ချောမွေ့ပြီး မီးခိုးရောင်ရှိသည်။
အရွက် – ရွက်ထီးအမျိုးအစားဖြစ်၍ ရွက်ဆိုင်ထွက်သည့် အမျိုးအစားဖြစ်သည်။ ရွက်မွှာသည် ဘဲဥပုံသဏ္ဍာန်ရှိပြီး ၁၀-၂၀ စင်တီမီတာခန့်ရှ၍ ရွက်နား ညီညာသည်။
ပန်းခိုင် – ထိပ်ထွက်သည့် ပန်းခိုင်ဖြစ်ပြီး အဆုံးရှိပန်းခိုင်အမျိုး အစားဖြစ်သည်။
ပန်းပွင့် – သေးငယ်၍ ၁ – ၂ စင်တီမီတာခန့်ရှိပြီး အဖြူရောင် သို့မဟုတ် အဝါ ရောင်ဖျော့ဖျော့ရှိသည်။ ပြွန်ပုံသဏ္ဍာန်ရှိ၍ ပွင့်ဖတ်နှင့်ပွင့်ချပ် ၅ ခုစီ ပါရှိပြီး ရနံ့မွှေးကြိုင်သည်။
အသီးနှင့်အစေ့ – ဘယ်ရီသီးကဲ့သို့ လုံးဝန်းပြီး အချင်း ၂ – ၃ စင်တီမီတာခန့်ရှိသည်။ အပင် ငယ်စဉ်တွင် အစိမ်းရင့်ရောင်၊ ရင့်မှည့်သောအခါ အနက်ရောင် သို့မဟုတ် ခရမ်းရောင်သို့ ပြောင်း၍ အစေ့များစွာပါရှိသည်။
ပွင့်သီးချိန် – ဧပြီလမှ ဇွန်လအထိပန်းပွင့်ချိန်ဖြစ်ပြီး ဇူလိုင်လမှ စက် တင်ဘာလ အထိ အသီးသီးချိန်ဖြစ်သည်။
အသုံးဝင်မှု – တိုင်းရင်းဆေးပညာတွင် အဖျား၊ ဝမ်းကိုက်နှင့် အရေပြားရောဂါများ ကဲ့သို့သော ဝေဒနာများကို ကုသရန်အတွက် အပင်၏ အစိတ်အပိုင်း အသီးသီးကို အသုံးပြုကြသည်။ သစ်သားကို သေးငယ်သော ကိရိယာ များနှင့် အသုံးအဆောင်များ ပြုလုပ်ရာတွင် အသုံးပြုကြပြီး ဆွဲဆောင် မှုရှိသော ပန်းပွင့်များနှင့် သစ်ရွက်များကြောင့် တစ်ခါတစ်ရံ အလှဆင် သစ်ပင်အဖြစ် စိုက်ပျိုးကြသည်။






Myanmar Name – Thaminzarni
Common Name – Turgid Ceriscoides
Botanical Name – Ceriscoides turgida (Roxb.)
Family Name – Rubiaceae
Habitat – Native to the Indian Subcontinent and mainland Southeast Asia.
Habit – Small to medium-sized tree that can grow up to 10-15 meters tall. It has a rounded or spreading crown.
Bark – Smooth and grayish-brown. It may have shallow vertical fissures and can be slightly corky.
Leaves – Simple, opposite or whorled, elliptic to oblong, 10-20 cm long, 5-10 cm wide, glossy green on the upper side, paler beneath, margin entire.
Inflorescence – Terminal clusters, Cymose, with several flowers clustered together.
Flower – Small, about 1-2 cm in diameter, white or yellowish tubular with five lobes, often fragrant.
Fruit And Seed – – Berry, about 2-3 cm in diameter, green when young, turning black or dark purple when ripe, numerous, small, embedded in a fleshy pulp.
Flowering and Fruiting Time – Flowering: April to June and Fruiting: July to September.
Usage – Various parts of the plant are used in traditional medicine for treating ailments such as fever, dysentery, and skin diseases. The wood is used for making small tools and utensils and due to its attractive flowers and foliage, it is sometimes planted as an ornamental tree.