





မြန်မာအမည် – စင်္ကြာပု
အင်္ဂလိပ်အမည် – Gardenia, cape jasmine
ရုက္ခဗေဒအမည် – Gardenia jasminoides J.Ellis
မျိုးရင်း – Rubiaceae
ပြန်နှံ့ပေါက်ရောက်ပုံ – မူရင်းဒေသအဖြစ် တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံတို့တွင် တွေ့ရှိရသည်။
အပင်သရုပ် – အမြဲစိမ်းသောချုံပင်အမျိုးအစားဖြစ်၍ အပင်အမြင့် ၁ မှ ၂ မီတာခန့် ထိမြင့်မားနိုင်သည်။ အပင်ပုံသဏ္ဍာန်သည် လုံးဝန်း၍ ပြန့်ကားသည်။
အခေါက် – ချောမွေ့ပြီး မီးခိုးရောင်ရှိပြီး အပင်ကြီးရင့်လာသည်နှင့်အမျှကြမ်းတမ်း လာသည်။
အရွက် – ရွက်ထီးဖြစ်သည့် ထောင့်မှန်ရွက်ဆိုင် ထွက်သည့်အမျိုးအစားဖြစ် သည်။ အရွက်များသည် ဘဲဉရှည်ပုံ သို့မဟုတ် လှံစွပ်ပုံရှိပြီး ချောမွေ့ သောအနားသတ်များနှင့် ချွန်သော အဖျားရှိသည်။
ပန်းခိုင် – ကြားထွက်သည့် အဆုံးရှိပန်းခိုင်အမျိုးအစားဖြစ်သည်။
ပန်းပွင့် – အထူးခြားသော အင်္ဂါရပ်မှာ ၎င်းတို့၏ ကြီးမားသော အဖြူရောင်၊ မွှေးကြိုင်သော ပန်းပွင့်များကြောင့် လူသိများသည်။ ပန်းတစ်ပွင့်စီ သည် အချင်း ၅-၁၀ စင်တီမီတာ ခန့်ရှိပြီး ပွင့်ချပ် ၅-၁၂ ပွင့်ရှိသည်။ ပန်းများသည် ညနေခင်းတွင် ပြင်းထန်၍ မွှေးကြိုင်သော မွှေးရနံ့ သင်းပျံ့နေပါသည်။
အသီးနှင့်အစေ့– ဘဲဥပုံ သို့မဟုတ် ဘယ်ရီသီးနှင့်ဆင်တူပြီး ၁.၅-၃ စင်တီမီတာ ခန့်ရှည် သည်။ အရွယ်ရောက်သောအခါ တွင် လိမ္မော်ရောင် သို့မဟုတ် အနီရောင်ပြောင်းသွားပြီး အစေ့ငယ်များစွာပါရှိသည်။
ပွင့်သီးချိန် – ပန်းပွင့်ချိန်သည် မေလမှ ဇူလိုင်လအထိဖြစ်ပြီး သြဂုတ်လမှ စက်တင်ဘာလအထိ အသီးသီးချိန် ဖြစ် သည်။
အသုံးဝင်မှု – ပန်းပွင့်လေးများ၏ ဆွဲဆောင်မှုကြောင့် အလှစိုက်အပင် အဖြစ်စိုက်ပျိုး ကြသည်။






Myanmar Name – Satkyarpu
Common Name – Gardenia, cape jasmine
Botanical Name – Gardenia jasminoides J.Ellis
Family Name – Rubiaceae
Habitat – Native to Asia, particularly found in China, Taiwan, Japan, and India.
Habit – An evergreen shrub that can grow to a height of 1-2 meters (3-6 feet), though it can reach up to 6 meters (20 feet) under optimal conditions. It has a dense, bushy growth habit with a rounded or slightly spreading form.
Bark – Smooth and grayish in color. As the plant matures, the bark can become slightly rougher and more textured.
Leaves – Dark green, glossy, and leathery. They are arranged in opposite pairs or whorls of three and are elliptic to lanceolate in shape, typically measuring 5-10 cm (2-4 inches) long and 2-4 cm (0.8-1.6 inches) wide. The leaves have smooth margins and a pointed tip.
Inflorescence – Typically a solitary flower or occasionally a few flowers clustered together. The flowers are borne at the ends of branches.
Flower – The most striking feature of this plant, known for their large, white, fragrant blooms. Each flower measures about 5-10 cm (2-4 inches) in diameter and consists of 5-12 overlapping petals.
Fruit & Seed – An oval berry, about 1.5-3 cm (0.6-1.2 inches) long. It turns orange or red when mature and contains numerous small seeds.
Flowering and Fruiting Time – Flowering time from May to July and fruiting time from August to September.
Usage – Cultivated as an ornamental plant.